စိုးပြည့်သဇင်က မတ်လ ၁၃ရက်နေ့မှာ
ကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
စာမေး ပွဲဖြေပြီးတဲ့အချိန်မှာ အမှတ်တရတွေ ရှိခဲ့ပြီး စိုးရိမ်စိတ်တွေလည်း
ရှိခဲ့ကြောင်းကို စိုးပြည့်သဇင်က “စိုးပြည့်စာမေးပွဲကို တတ်နိုင်သလောက်
ကြိုးစားပြီး ဖြေခဲ့ပါတယ်။ စာမေးပွဲခန်းထဲဝင်တဲ့အချိန်မှာ စိုးရိမ်စိတ်တွေ
ရှိတယ်။ နောက်ပြီး စိုးပြည့်က တစ်နှစ်လုံးအပြည့် စာသင်ခဲ့ရတာလည်း မဟုတ်ဘူး။
စာမေးပွဲ ဖြေဖို့ တစ်လလောက်မှာစာကို သေသေချာချာလေး လုပ်ခဲ့ရတာ။ ကိုယ် လည်း
အတတ်နိုင်ဆုံး ကြိုးစားပြီးဖြေခဲ့ပါတယ်။ စိုးပြည့်စာမေးပွဲ မဖြေခင်
ဘုရားရှိခိုးတယ်။တရား ထိုင်ဖြစ်တယ်။ အမှတ်တရအနေနဲ့ က
နောက်ဆုံးစာမေးပွဲဖြေတဲ့နေ့မှာ ကျောင်းသားတွေ စိုးပြည့်ဆီက ဓာတ်ပုံ
တွေတောင်းကြတယ်။ ဓာတ်ပုံမှာ အမှတ်တရလက်မှတ်တွေ ထိုးပေးခဲ့တယ်။ အဲဒါလေးတော့
စာမေးပွဲ ဖြေပြီးတဲ့အချိန်မှာ အမှတ် တရလေးပါပဲ”လို့ ပြောပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးသွားပြီ ဖြစ်တဲ့အတွက် ဇာတ်ကားတွေကို
ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ကို တော့ ရန်ကုန် မှာ
မဏ္ဍပ်ထိုင်မှာဖြစ်ကြောင်း စိုးပြည့်သဇင်က ပြောပါတယ်။
တွယ်တာ
ကြိုးစားရင် ကြိုးစားသလိုဖြစ်မယ်ဆိုတဲ.မြတ်ကေသီအောင်
တွယ်တာ
No comments:
Post a Comment